COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကလေးများ ပညာသင်ယူနိုင်ခွင့် အပြည့်အဝရရှိရေးကို မည်သို့ပံ့ပိုးကူညီနိုင်မည်နည်း
09 Nov 2020
ယခုအချိန်တွင် လူသားတိုင်းသည် COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်ကြရဦးမည်ဖြစ်ပြီး လက်ရှိကာလကို ကျော်ဖြတ်နေသည့် တစ်ချိန်တည်းမှာပင် ကလေးများ ပညာဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် JICA CREATE Project အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကလေးများ အနေဖြင့် ဘေးကင်းလုံခြုံသည့် သင်ယူမှုဝန်းကျင်တစ်ခုတွင် ပညာဆက်လက်သင်ယူနိုင်စေရန် အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ အားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဆိုပါ အစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အရေးပါပါသည်။
သို့ဖြစ်၍ ကလေးများ၏ ပညာသင်ယူမှုတွင် မည်သို့ပံ့ပိုးကူညီနိုင်မည်ကို အောက်ဖော်ပြပါ ဗီဒီယိုများတွင် ကြည်ရှုလေ့လာနိုင်ပါသည်။ ထိုဗီဒီယိုများတွင် ဆရာ၊ ဆရာမများနှင့် မိဘ၊ အုပ်ထိန်းသူများအတွက် နည်းလမ်းကောင်းများနှင့် အကြုံပြုချက်များကို ထည့်သွင်းဖော်ပြထားသည် ဖြစ်ရာ စာသင်ကျောင်းများနှင့် နေအိမ်များတွင် အသီးသီး ပြန်လည်အသုံးချရန် တိုက်တွန်းလိုပါသည်။
- COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကလေးငယ်များ ပညာသင်ယူနိုင်ခွင့် အပြည့်အဝရရှိရေး (Full Video)
- COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကလေးငယ်များ ပညာသင်ယူနိုင်ခွင့် အပြည့်အဝရရှိရေး (Short Video)
- ကလေးငယ်များကို COVID-19 ကာလ ပညာလေ့လာသင်ယူစေရာတွင် ဆရာ၊ မိဘ သိမှတ်ဖွယ်ရာ by DAE-Myanmar School Education Lessons

လေ့လာသူများအနေဖြင့် အခြားဆန်းသစ်သည့် အကြံဉာဏ်၊ နည်းလမ်းကောင်းများ ရှိထားပါကလည်း "Your Voice" ကဏ္ဍမှ တစ်ဆင့် ကျွန်ုပ်တို့နှင့်အတူ မျှဝေကာ ကျွန်ုပ်တို့မှ တစ်ဆင့် မိဘ၊ အုပ်ထိန်းသူ ပြည်သူများနှင့် ဆရာ၊ ဆရာမများအား ဆက်လက်မျှဝေနိုင်ရန် ဖိတ်ခေါ်လိုပါသည်။
ဆက်လက်၍ သတင်းအချက်အလက်သစ်များနှင့် သင်ကြားသင်ယူမှု အထောက်အကူပြုဆိုင်ရာပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိရယူနိုင်ရန် -
- မူလတန်းသင်ရိုးညွှန်းတမ်းအသစ်၏ ဝဘ်ဆိုဒ် https://createmm.org/mm
- JICA CREATE Project ၏ YOUTUBE https://youtube.com/c/CREATEProject နှင့်
- Facebook စာမျက်နှာ https://www.facebook.com/JICA.CREATE.Project
တို့တွင် စောင့်ကြည့်လေ့လာဖတ်ရှုနိုင်ပါသည်။
ကျွန်ုပ်တို့၏ ကလေးများသည် ပိုမိုကြံ့ခိုင်သန်စွမ်းပြီး ဉာဏ်အမြော်အမြင်ရှိစွာဖြင့် ဤအခက်အခဲကို ကျော်လွှားလာနိုင်မည်ဟု ယုံကြည်ပါသည်။