ဆရာလမ်းညွှန်စာအုပ်အသစ်များကို အသုံးပြုသွားမှာ ဖြစ်ပါသည်။
ဆရာ၊ဆရာမများအနေဖြင့် မူလတန်းသင်ရိုးသစ် ကျောင်းသုံးစာအုပ်အသစ်များဖြင့် သင်ကြားရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ဘာသာရပ် ကိုးခုလုံးအတွက် ဆရာလမ်းညွှန်စာအုပ်များ ပံ့ပိုးသွားမည်ဖြစ်ပါသည်။ ဆရာ၊ဆရာမများအနေဖြင့် ဆရာလမ်းညွှန်ကို အသုံးပြုပြီး သင်ခန်းစာဆိုင်ရာအစီအစဉ်များရေးဆွဲခြင်း၊ သင်ကြားပို့ချခြင်းနှင့် စာသင်ချိန်အတွင်း ကျောင်းသားများကို စစ်ဆေးအကဲဖြတ်ခြင်းတို့ကို ပြုလုပ်စေရန် တိုက်တွန်းထားပါသည်။
ကျောင်းသုံးစာအုပ်များ၏စာမျက်နှာများအပေါ်တွင် အခြေခံပြီး ဆရာလမ်းညွှန်များကို ရေးဆွဲထားခြင်းဖြစ်ပါသည်။ ဆရာ၊ဆရာမများအနေဖြင့် သင်ကြားရာမှာ သင်ကြားရမည့်ပုံစံအဆင့်ဆင့်နှင့် သင်ကြားမှုနည်းလမ်းတွေကို နားလည်သဘောပေါက်စေရန်ဖြစ်ပါသည်။
